
GSHOCK
GA-110 နာရီအချိန်တိုက်နည်း
110 Model နာရီကိုတိုက်မည်ဆိုပါက Adj ခလုတ်ကို (5)စက္ကန့်လောက်ကြာအောင် ဖိထားပေးပါ။ ဖိထားပါကအသံထွက် လာပါလိမ့်မည်။အသံထွက်လာပါက ဖိထားသောလက်လွတ်လိုက်ပါ။ နာရီဒိုင်ခွက်အတွင်းရှိ world time နေရာခုန်တာကိုတွေ့ရ ပါလိမ့်မည်။ world time ကို Forward ခလုတ်ဖြင့်(သို့မဟုတ်) Reversed ခလုတ်ကိုနှိပ်၍ world time တိုက်လို့ရပါသည်။ word Time ကို တိုက်ရာတွင် မြန်မာနိုင်ငံ၏ သင်္ကေတ(RGN) သို့ပြောင်း၍ ထားပေးရပါမည်။ထားပေးပြီးသောအခါ နာရီအား (Adj) ခလုတ် တစ်ချက်နှိပ်၍ ရပ်လိုက်ပါ။ world time သည် (Rgn) စံတော်ချိန်ကို (Auto) ရွှေ့သွားပါလိမ့်မည်။
> နာရီ Function များကိုကြည့်မည်ဆိုပါက (Mode) ခလုတ်ဖြင့် တချက်ခြင်းစီနှိပ်ပြီးကြည့်နိုင်ပါသည်။ 110 Model တွင်ပါသော Function များမှာ World Time,Stw,Timer,Alm,Atl,Sig,Snz များပါဝင်ပါသည်။ stw အသုံးပြုမည်ဆိုပါက mode ခလုတ်ကို နှိပ်ပြီး stw ရှိရာကိုသွားနိုင်ပါသည်။
> stw အသုံးပြုသည့်အခါ Stw ၏ Step,သည် (forward) ခလုတ်ဖြစ်ပါသည်။ stw ၏ Stop သည် Reversed ခလုတ်ဖြစ်ပါသည်။ (0) Setting အစနေရာကိုပြန်ရောက်ချင်ပါက (Adj)ကို တစ်ချက်နှိပ်လိုက်ပါက Nomal နေရာသို့ ပြန်ရောက်သွားပါလိမ့်မည်။
>Timer အသုံးပြုမည်ဆိုလျှင်လည်း stw အသုံးပြုသကဲ့သို့ အသုံးပြုနိုင်ပါသည်။
> Auto Light အသုံးပြုမည်ဆိုပါက နာရီ၏ (Rev) ခလုတ်အား(3)စက္ကန့်လောက် ကြာ အောင်ဖိထားပေးပါ။ ဖိထားပါက (Auto Light) ပေါ်လာပြီး Auto Light ကိုအသုံးပြုလို့ရပါသည်။
> Alarm အသုံးပြုမည်ဆိုပါက mode ခလုတ်ကိုနှိပ်ပြီး Alarm နေရာသို့ ရောက်သောအခါ Adj ခလုတ်ကို (3)စက္ကန့်လောက် ကြာအောင်ဖိထားပေးပါ။ုန်လာသောအခါ ထားချင်သော အချိန်နာရီကို ထားပြီးပါက mode ခလုတ်ကိုနှိပ်ပြီး Alam နေရာသို့ ရောက်သောအခါ (Adj) ခလုတ်ကို (3) စက္ကန့်လောက်ကြာအောင် ဖိထားပေးပါ။ ခုန်လာသောအခါ ထားချင်သော အချိန်နာရီကို ထားပြီးပါက (Adj) ခလုတ်ဖြင့် ပြန်ရပ်လိုက်ပါ။ Alarm သည် (4)ကြိမ် ပေးလို့ရပါသည်။ Alarm ပေးပြီးပါက အသံမြည်ရန် sig ကို on ပေးရပါမည်။ sig on ရန်အတွက် For ခလုတ်ဖြင့် နှိပ်ပြီး sig ရောက်သည်အထိ သွားရပါမည်။ Sig ရောက်ပါက Sig ကို (Adj) ခလုတ်နှိပ်ပြီး (on) ပေးရပါမည်။
>SNZ (5)မိနစ် တစ်ကြိမ် Alarm (အသံ) မြည်အောင်ပေးရမည်ဆိုပါကလည်း (for) ခလုတ်ကိုနှိပ်၍ sig,snz ကိုရောက်ပါက (Adj)ဖြင့် sig,snz များကို ပြန်၍(off) ပေးထားလို့ ရပါသည်။110 Model သည် Ditigal နှင့် လက်တံအချိန်များမှလွဲ၍ (RGN) ထားပြီး လက်တံမမှန်တော့ပါက(0) Setting တိုက်၍ နာရီကိုအချိန်မှန်အောင် ပြန်၍တိုက်ပေးရပါမည်။
>Zero Setting တိုက်မည်ဆိုပါက ရောက်မည့်အချိန် လက်ရှိရောက်နေသည့် အချိန်တွင် (for) ခလုတ်ကို (5) စက္ကန့်လောက် ဖိထားပေးလိုက်ပါ။ ဖိထားပါက H-set ဆိုသည့် စာလုံးပေါ်လာပါလိမ့်မည်။ ပေါ်လာပါက လက်ကို လွတ်လိုက်ပါ။ လက်လွတ်ပြီး ပါက နာရီဒိုင်ကွက် နံပတ်(9)ဘေးရှိ stw အချိန်မှတ်သည့်အ၀ိုင်း လက်တံလေကို အရင်တိုက်ပေးရပါမည်။လက်တံကို တိုက်မည် ဆိုပါက (for) ခလုတ်ဖြင့် တိုက်ရပါမည်။မိနစ်တံ 2ခုကို တိုက်မည်ဆိုပါက mood ခလုတ် တစ်ချက် နှိပ်ပေးလိုက်ပါ။ မိနစ်လက် တံသည်လည်၍(12)အထိ နေရာတွင်မရပ်ပဲ အခြားနေရာများတွင် ရပ်နေပါက (12)ထိ ရောက်သည်အထိ (for)ခလုတ်ဖြင့် တိုက်ပေးရမည်ဖြစ်ပါသည်။နံပတ်(9)ဘေးကအကွက်လေး၏ (12)သည် လက်တံလေးကို(for)ခလုတ်ဖြင့် နံပတ်(9) တည့်တည့် နေရာကို ထားပေးရပါမည်။ (2) မျိုးစလုံးတိုက်ပြီးပါက Adj ကိုတချက်နှိပ်ပြီး လက်တံနှင့် (Ditigal) မှန်မမှန်ပြန်စစ် ပေးလို့ရပါ သည်။
GA-110 နာရီကို World Time အချိန်ဘယ်လိုပြောင်းကြည့်မလဲ?
အဆင့် (၁) Mode ခလုပ်နှိပ်ပြီး World Time Function သို့ သွားပါ။ Mode ခလုပ်(3) ကြိမ်နှိပ်ပါက World Time Function
သို့ရောက်သည်။
အဆင့်(၂) World Time ထဲမှာ နိုင်ငံကို Forward ခလုပ်နှိပ်၍ပြောင်းနိုင်သည်။ World Time အချိန်အားကိုယ်ထား
ချင်သောနိုင်ငံတစ်ခုရွေးထားနိုင်သည်။ ဥပမာ - တရုတ်နိင်ငံစံတော်ချိန် BJS (ဘေဂျင်း) ရွေးထားလိုက်ပါ။
အဆင့်(၃) BJS ရွေးပြီးပါက Adjust ခလုပ်နှင့် Reverse ခလုပ်နှစ်ခုကို စုံဖိပြီးနှိပ်လိုက်ပါ။ လက်တံများလည်နေပါမည်။
အဆင့်(၄) နာရီလက်တံများရပ်သွားပါက Mode ခလုပ်ဖြင့် Home Time သို့ပြန်သွားပါ ။ Home Time တွင် RGN အချိန်အစား BJS အချိန်ပြနေပါမည်။
အထက်ပါနည်းအတိုင်း အသုံးပြု၍ BJS မှ RGN သို့ ပြန်ပြောင်းနိုင်သည်။
Welcome to GSHOCK COLLECTOR
Quality and Integrity



GSHOCK
